မာဖီးယားအဖြစ်သရုပ်ဆောင်ခဲ့တဲ့ သူ ပြောပြတဲ့ ဂျီဟိုရဲ့နတ်သမီးတစ်ယောက်လိုအပြုအမူ
#WasItLove ဇာတ်ကား အပိုင်း ၁၄ မှာ ဂန်းစတားအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ဟာ jihyo နဲ့အတူ ရိုက်ထားတဲ့ ဓာတ်ပုံလေးကို တင်ခဲ့ပြီး ဂျီဟိုရဲ့ နတ်သမီးတစ်ယောက်လိုအပြုအမူ လေးကို ပြောပြခဲ့ပါတယ် ။
" ကျွန်တော် Jtbc က Was It Love အပိုင်း ၁၄မှာ ဟောင်ကောင်က ဂန်းစတားတယောက် အနေနဲ့ ပါခဲ့ပါတယ် ။
ရိုက်ကူးရေးလုပ်နေတဲ့အချိန်မှာ သူမ(Jihyo)ကပြောပါတယ် ။ သူက hot and spicy ( ပူပူစပ်စပ်) တရုတ် ဟော့ပေါ့ သောက်ရတာ အရမ်းကြိုက်တယ်လို့ ပြောတယ် ။ ဒုတိယအကြိမ် ရောက်ကွင်းရောက်တော့ ကျွန်တော် သူမအတွက် ဟော့ပေါ့ဆော့စ် နဲ့ spicyဆော့စ် တို့ကိုယူသွားပြီး တရုတ်က ခေါက်ဆွဲအေးစွပ်ပြုတ်ပါ ဝယ်ပေးခဲ့ပါတယ် ။
သူမ အရမ်းပျော်သွားတယ် ။
နောက်တော့ ဝမ် ၁ သိန်း ၇ သောင်း ( မြန်မာငွေ ၂သိန်းနီပါး😱 ) ရှိတဲ့ အလှကုန်လေး လက်ဆောင်ပြန်ပေးခဲ့ပါတယ် ။
ကျွန်တော် အရမ်းရမ်း ဝမ်းသာမိပါတယ် ။ "
ဂျီဟိုလေးက သူမအပေါ်ကောင်းတဲ့သူ မှန်သမျှကို ပြန်ကောင်းပေးပါတယ် ။ သူမ ထုတ်မပြောခဲ့တာသာ ရှိမယ် သူမ စိတ်ထဲမှာတော့ အကြင်နာတရားတွေနဲ့ ပြည့်နှက်နေပါတယ် ။
#HAW
#WuriSongJiHyoMyanmar

Comments
Post a Comment